သံယုတ္တနိကာယ်—၃၅

(၁၄) ၄—ဒေဝဒဟဝဂ်

၉—အဇ္ဈတ္တာနတ္တဟေတုသုတ်

၁၄၂။ ရဟန်းတို့ မျက်စိသည် အတ္တ မဟုတ်၊ မျက်စိဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သောအကြောင်းအထောက်အပံ့ ကြောင့် ဖြစ်ပေါ်လာသော မျက်စိသည် အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ပ။

လျှာသည် အတ္တ မဟုတ်၊ လျှာဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော လျှာသည် အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ပ။

စိတ်သည် အတ္တ မဟုတ်၊ စိတ်ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော စိတ်သည် အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။