သံယုတ္တနိကာယ်—၃၅
၄—ဇာတိဓမ္မဝဂ်
၁—၁ဝ—ဇာတိဓမ္မစသောဆယ်သုတ်
၃၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ရဟန်းတို့ အလုံးစုံသည် ဖြစ်ခြင်း’ဇာတိ’သဘောရှိ၏။ ရဟန်းတို့အဘယ်သို့လျှင် အလုံးစုံသည် ဖြစ်ခြင်း’ဇာတိ’သဘောရှိသနည်း။
မျက်စိသည် ဖြစ်ခြင်း’ဇာတိ’သဘောရှိ၏၊ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်ဖြစ်ခြင်း’ဇာတိ’သဘောရှိ၏။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာသည်လည်း ဖြစ်ခြင်း’ဇာတိ’သဘောရှိ၏။ပ။ လျှာသည်။ အရသာတို့သည်။ ဇိဝှါဝိညာဏ်သည်။ ဇိဝှါ သမ္ဖဿသည်။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း ဖြစ်ခြင်း’ဇာတိ’သဘောရှိ၏။ပ။ကိုယ်သည်။ပ။ စိတ်သည်ဖြစ်ခြင်း’ဇာတိ’သဘောရှိ၏။ပ။ သဘောတရားတို့သည် ဖြစ်ခြင်း’ဇာတိ’သဘောရှိကုန်၏၊ မနောဝိညာဏ်သည် ဖြစ်ခြင်း’ဇာတိ’သဘောရှိ၏၊ မနောသမ္ဖဿသည် ဖြစ်ခြင်း’ဇာတိ’သဘောရှိ၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းဖြစ်ခြင်း’ဇာတိ’သဘောရှိ၏။
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်
၃၄။ ရဟန်းတို့ အလုံးစုံသည် အိုခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
၃၅။ ရဟန်းတို့ အလုံးစုံသည် နာခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
၃၆။ ရဟန်းတို့ အလုံးစုံသည် သေခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
၃၇။ ရဟန်းတို့ အလုံးစုံသည် စိုးရိမ်ခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
၃၈။ ရဟန်းတို့ အလုံးစုံသည် ညစ်ညူးခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
၃၉။ ရဟန်းတို့ အလုံးစုံသည် ကုန်ခန်းခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
၄ဝ။ ရဟန်းတို့ အလုံးစုံသည် ပျက်စီးခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
၄၁။ ရဟန်းတို့ အလုံးစုံသည် ဖြစ်ပေါ်ခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
၄၂။ ရဟန်းတို့ အလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏။ [ချုံးအပ်၏။ ]
ဒသမသုတ်။
လေးခုမြောက် ဇာတိဓမ္မဝဂ် ပြီး၏။