သံယုတ္တနိကာယ်—၃၅

၁—အနိစ္စဝဂ်

၈—အဇ္ဈတ္တဒုက္ခာတီတာနာဂတသုတ်

၈။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည် ဆင်းရဲ၏၊ ပစ္စုပ္ပန်မျက်စိ၏ ဆင်းရဲမှု၌ ကား့အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ်ဖြစ်သော မျက်စိ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော မျက်စိကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည်။ပ။ နှာခေါင်းသည်။ပ။ အတိတ် အနာဂတ်ဖြစ်သော လျှာသည် ဆင်းရဲ၏၊ ပစ္စုပ္ပန်လျှာ၏ ဆင်းရဲမှု၌ ကားအဘယ် ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ် ဖြစ်သော လျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သောလျှာကို ငြီး ငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည် ဆင်းရဲ၏။ ပ၊ အတိတ်အနာဂတ်ဖြစ်သော စိတ်သည် ဆင်းရဲ၏၊ ပစ္စုပ္ပန်စိတ်၏ ဆင်းရဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှုကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှုကင်းခြင်းငှါ ချုပ် ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။