သံယုတ္တနိကာယ်—၃၇

၃—ဗလဝဂ်

၉—ပဉ္စသီလဝိသာရဒသုတ်

၃၁၂။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် (မကြောက်မရွံ့) ရဲရင့်စွာ အိမ်၌ နေရ၏။ အဘယ်ငါးမျိုးတို့နည်း—ိံသူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ဆိုခြင်းမှ ရှောင်ကြဉ်၏၊ မေ့လျော့ကြောင်း ဖြစ်သောသေအရက် သောက်ခြင်းမှ ရှောင်ကြဉ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် (မကြောက်မရွံ့) ရဲရင့်စွာ အိမ်၌ နေရ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။