သံယုတ္တနိကာယ်—၄ဝ
၈—နေဝသညာနာသညာယတနပဥှာသုတ်
၃၃၉။ “နေဝသညာနာသညာယတနဈာန် နေဝသညာနာသညာယတနဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် နေဝသညာနာသညာယတနဈာန်နည်းဟု ဤသို့ အကြံ ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါ့အား” ဤသာသနာ တော်၌ ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်လျက် နေ၏၊ ဤသည်ကို နေဝသညာနာသညာယတနဈာန်ဟုဆိုအပ်၏”ဟု ဤအကြံသည် ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် အာကိဉ္စညာယတနဈာန်ကိုလုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ဤနေခြင်းဖြင့် နေသောထိုငါ့အား အာကိဉ္စညာယတနဈာန်နှင့် တကွသော အမှတ်’သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည်ဖြစ်ကုန်၏။
ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် နေဝသညာနာသညာယတနဈာန်ကို မမေ့လျော့လင့်၊ နေဝသညာနာသညာယတနဈာန်၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ နေဝသညာနာသညာယတနဈာန်၌ စိတ်ကို တည်ကြည်အောင်ပြုလော့၊ နေဝသညာနာသညာယတနဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာ နာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့။ပ။ ထူးမြတ်သောအသိဉာဏ်ရှိသည်၏အဖြစ်သို့ ရောက်သော တပည့်”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည့်ကောင်းစွာ ဆိုလိုသော် ငါ့ကို သာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။
အဋ္ဌမသုတ်။