သံယုတ္တနိကာယ်—၄၃

၂—ဒုတိယဝဂ်

၃—၃၂—အနာသဝါဒိသုတ်

၃၇၉—၄ဝ၈။ ရဟန်းတို့ အာသဝေါ မရှိရာကိုလည်းကောင်း၊ အာသဝေါ မရှိရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ အာသဝေါမရှိရာ ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ အမှန်တရားကိုလည်းကောင်း၊ အမှန်တရားသို့ရောက်ကြောင်းလမ်း ကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့အမှန်တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ တစ်ဖက်ကမ်းကိုလည်းကောင်း၊ တစ်ဖက်ကမ်းသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့တစ်ဖက်ကမ်းဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ သိမ်မွေ့သော တရားကိုလည်းကောင်း၊ သိမ်မွေ့သောတရားသို့ ရောက် ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ သိမ်မွေ့ သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ အလွန်မြင်နိုင်ခဲသောတရားကိုလည်းကောင်း၊ အလွန် မြင်နိုင်ခဲသော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်းသင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ အလွန်မြင်နိုင်ခဲသော တရားဟူသည်အဘယ်နည်း။ပ။ ရဟန်းတို့ ဆွေးမြေ့ ခြင်း မရှိသော တရားကိုလည်းကောင်း၊ ဆွေးမြေ့ခြင်း မရှိသောတရားသို့ ရောက်ကြောင်းလမ်းကိုလည်း ကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ဆွေးမြေ့ခြင်း မရှိသောတရား ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့မြဲသော တရားကိုလည်းကောင်း၊ မြဲသော တရားသို့ ရောက်ကြောင်း လမ်းကိုလည်းကောင်း သင်တို့အားဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ မြဲသော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မပျက်စီးသော တရားကိုလည်းကောင်း၊ မပျက်စီးသော တရားသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း၊ သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ရဟန်းတို့မပျက်စီးသော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မမြင်အပ်သော တရားကိုလည်းကောင်း၊ မမြင်အပ်သော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကုန် လော့။ ရဟန်းတို့ မမြင်အပ်သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ချဲ့ထွင်မှုမရှိသော တရား ကိုလည်းကောင်း၊ ချဲ့ထွင်မှု မရှိသော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း့သင်တို့အား ဟော ပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ချဲ့ထွင်မှု မရှိသော တရားဟူသည်အဘယ်နည်း။ပ။

ရဟန်းတို့ ငြိမ်းသော တရားကိုလည်းကောင်း၊ ငြိမ်းသော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ငြိမ်းသော တရားဟူသည်အဘယ်နည်း။ပ။ ရဟန်းတို့ မသေရာဖြစ်သော တရားကိုလည်းကောင်း၊ မသေရာဖြစ်သော တရားသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့မသေရာဖြစ်သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မြတ်သော တရားကိုလည်းကောင်း၊ မြတ်သော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ မြတ်သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ငြိမ်းအေးသော တရားကိုလည်းကောင်း၊ ငြိမ်းအေးသော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ငြိမ်းအေးသော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ဘေးကင်းရာကိုလည်းကောင်း၊ ဘေးကင်းရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ဘေးကင်းရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ တဏှာကုန်ရာကိုလည်းကောင်း၊ တဏှာကုန်ရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အားဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ တဏှာကုန်ရာဟူသည် အဘယ်နည်း။ပ။

ရဟန်းတို့ အံ့ဖွယ်ဖြစ်သော တရားကိုလည်းကောင်း၊ အံဖွယ်ဖြစ်သော တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ အံ့ဖွယ်ဖြစ်သောတရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မဖြစ်ဖူးမြဲဖြစ်သော တရားကိုလည်းကောင်း၊ မဖြစ်ဖူးမြဲဖြစ်သောတရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ မဖြစ်ဖူးမြဲဖြစ်သော တရားဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဆင်းရဲကင်းရာကိုလည်းကောင်း၊ ဆင်းရဲကင်းရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ဆင်းရဲကင်းရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဆင်းရဲကင်းရာသဘောကိုလည်းကောင်း၊ ဆင်းရဲကင်းရာသဘောသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အားဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ဆင်းရဲကင်းရာသဘောဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ နိဗ္ဗာန်ကိုလည်းကောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အားဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ နိဗ္ဗာန်ဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ကြောင့်ကြမရှိ ရာကိုလည်းကောင်း၊ ကြောင့်ကြ မရှိရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်းသင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ ကြောင့်ကြ မရှိရာဟူသည်အဘယ်နည်း။ပ။ ရဟန်းတို့ ရာဂကင်း ရာကိုလည်းကောင်း၊ ရာဂကင်းရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထို တရားကို နာကုန်လော့။ ရဟန်းတို့ရာဂကင်းရာဟူသည် အဘယ်နည်း။ပ။

ရဟန်းတို့ စင်ကြယ်ရာကိုလည်းကောင်း၊ စင်ကြယ်ရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်းသင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ စင်ကြယ်ရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ လွတ်မြောက်ရာကိုလည်းကောင်း၊ လွတ်မြောက်ရာသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်းသင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ လွတ်မြောက်ရာဟူသည်အဘယ်နည်း။ပ။ ရဟန်းတို့ ငြိတွယ်မှု မရှိရာကိုလည်းကောင်း၊ ငြိတွယ်မှု မရှိရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ငြိတွယ်မှု မရှိရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ မှီခိုရာကိုလည်းကောင်း၊ မှီခိုရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့မှီခိ်ုရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ပုန်း အောင်းရာကိုလည်းကောင်း၊ ပုန်းအောင်းရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟော ပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့ပုန်းအောင်းရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ အား ထားရာကိုလည်းကောင်း၊ အားထားရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ရဟန်းတို့အားထားရာဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ကိုးကွယ်ရာကိုလည်းကောင်း၊ ကိုးကွယ်ရာသို့ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရား ကို နာကုန်လော့။ ရဟန်းတို့ကိုးကွယ်ရာဟူသည် အဘယ်နည်း။ပ။

ဗာတိံ္တသတိမသုတ်။