သံယုတ္တနိကာယ်—၄၃

၁—ပဌမဝဂ်

၃—သဝိတက္ကသဝိစာရသုတ်

၃၆၈။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’နှင့် တကွသော တည်ကြည်မှု ‘သမာဓိ’၊ ကြံစည်မှု’ဝိတက်’ မရှိ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော တည်ကြည်မှု ‘သမာဓိ’၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’မရှိသော တည်ကြည်မှု ‘သမာဓိ’ ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

တတိယသုတ်။