သံယုတ္တနိကာယ်—၄၅
၇—ဧကဓမ္မပေယျာလဝဂ်
၂—၆—သီလသမ္ပဒါ စသော ၅—သုတ်
၆၄—၆၈။ ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ သီလနှင့် ပြည့်စုံခြင်းတည်း။ပ။ ကုသိုလ်ကောင်းမှုကို ပြုလိုမှု ‘ဆန္ဒ’နှင့် ပြည့်စုံခြင်းတည်း။ပ။ ပြည့်စုံသော စိတ်ရှိခြင်းတည်း။ပ။ ဉာဏ်အမြင်နှင့်ပြည့်စုံခြင်းတည်း။ပ။ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားနှင့် ပြည့်စုံခြင်းတည်း။ပ။
ဆဋ္ဌသုတ်။