သံယုတ္တနိကာယ်—၄၆
၂—ဂိလာနဝဂ်
၁ဝ—နိဗ္ဗိဒါသုတ်
၂ဝ၁။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်စင်စစ် ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါအထူးသိခြင်းငှါ ကိုယ်တိုင်သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။
ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါ အထူး သိခြင်းငှါကိုယ်တိုင်သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် ဂိလာနဝဂ် ပြီး၏။