အင်္ဂုတ္တရနိကာယ်

၃-ဝိနယပေယျာလ

၂ဝ၁။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့ အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သံဃာ၏ ကောင်းခြင်းအကျိုးငှါ၊ သံဃာ၏ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးငှါ။ သီလမရှိကုန်သော ပုဂ္ဂိုလ်တို့ကို နှိမ်နင်းခြင်း၊ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့၏ ချမ်းသာစွာ နေထိုင်ရခြင်း။ မျက်မှောက်၌ ဖြစ်သော အာသဝေါတရား တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အာသဝေါတရားတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ရန်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ရန်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော အပြစ်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို တားဆီးခြင်း။ မျက် မှောက်၌ ဖြစ်ကုန်သော ဘေးတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဘေးတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲခြင်း သဘော ‘အကုသိုလ်’ တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဆင်းရဲခြင်းသဘော ‘အကုသိုလ်’ တို့ကို တားဆီးခြင်း။ လူတို့အားအစဉ် သနားခြင်း၊ အလိုဆိုး ရှိကုန်သော ရဟန်းတို့၏ အသင်းအပင်းကို ဖျက်ဆီးခြင်း။ မကြည်ညိုသေးကုန်သော သူတို့ကိုလည်း ကြည်ညိုစေခြင်း၊ ကြည်ညိုပြီးသူတို့ကိုလည်း တိုးတက်ကြည်ညိုစေခြင်း။ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်းအကျိုးငှါ၊ ဝိနည်းကို ချီးမြှောက်ခြင်း အကျိုးငှါ (ပညတ်တော်မူ၏)။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏ဟု (မိန့်တော်မူ၏)။ (၁—၁ဝ)

၂ဝ၂—၂၃ဝ။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား ပါတိမောက်ကို ပညတ်တော်မူ၏။ပ။ ပါတိမောက်ပြခြင်းကို ပညတ်တော်မူ၏။ ပါတိမောက် ရပ်ဆိုင်းထားခြင်းကို ပညတ်တော်မူ၏။ ပဝါရဏာကို ပညတ်တော်မူ၏။ ပဝါရဏာရပ်ဆိုင်းထားခြင်းကို ပညတ်တော်မူ၏၊ တဇ္ဇနီယကံကို ပညတ်တော်မူ၏။ နိယဿကံကို ပညတ်တော်မူ၏။ ပဗ္ဗာဇနီယကံကို ပညတ်တော်မူ၏။ ပဋိသာရဏီယကံကို ပညတ်တော်မူ၏။ ဥက္ခေပနီယကံကို ပညတ်တော်မူ၏။ ပရိဝါသ် ပေးခြင်းကို ပညတ်တော်မူ၏။ အရင်းသို့ ပြန်ငင်ခြင်းကို ပညတ်တော်မူ၏။ မာနတ်ပေးခြင်းကို ပညတ် တော်မူ၏။ အမ္ဘာန်သွင်းခြင်းကို ပညတ်တော်မူ၏။ သံဃာ့ဘောင်သွင်းခြင်းကို ပညတ်တော်မူ၏။ သံဃာ့ဘောင်မှ နှင်ထုတ်ခြင်းကို ပညတ်တော်မူ၏။ ပဉ္စင်းခံသော ကံကို ပညတ်တော်မူ၏။ ဉတ္တိကံကို ပညတ် တော်မူ၏။ ဉတ်လျှင် နှစ်ခုမြောက်သော ကံကို ပညတ်တော်မူ၏။ ဉတ်လျှင် လေးခုမြောက်သော ကံကို ပညတ်တော်မူ၏။ မပညတ်အပ်သေးသည်တို့ကို ပညတ်တော်မူ၏။ ပညတ်ပြီးသည်တို့ကို တစ်ဖန် ပညတ် တော်မူ၏။ သမ္မုခါဝိနည်းကို ပညတ်တော်မူ၏။ သတိဝိနည်းကို ပညတ်တော်မူ၏။ အမူဠှဝိနည်းကို ပညတ်တော်မူ၏။ ပဋိညာတကရဏ သမထကို ပညတ်တော်မူ၏။ ယေဘုယျသိကသမထကို ပညတ်တော်မူ၏။ တဿပါပိယသိကသမထကို ပညတ်တော်မူ၏။ တိဏဝတ္ထာရက သမထကို ပညတ်တော်မူ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သံဃာ၏ ကောင်းခြင်း အကျိုးငှါ၊ သံဃာ၏ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးငှါ။ သီလမရှိကုန်သော ပုဂ္ဂိုလ်တို့ကို နှိမ်နင်းခြင်း၊ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့၏ ချမ်းသာစွာ နေထိုင်ရခြင်း။ မျက်မှောက်၌ ဖြစ်သော အာသဝေါတရားတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အာသဝေါတရားတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ရန်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ရန်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော အပြစ်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ဘေးတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဘေးတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန် သော ဆင်းရဲခြင်းသဘော ‘အကုသိုလ်’ တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဆင်းရဲခြင်း သဘော ‘အကုသိုလ်’ တို့ကို တားဆီးခြင်း။ လူတို့အား အစဉ်သနားခြင်း၊ အလိုဆိုးရှိကုန်သော ရဟန်း တို့၏ အသင်းအပင်းကို ဖျက်ဆီးခြင်း။ မကြည်ညိုသေးကုန်သော သူတို့ကိုလည်း ကြည်ညိုစေခြင်း၊ ကြည်ညိုပြီးသော သူတို့ကိုလည်း တိုးတက်ကြည်ညိုစေခြင်း။ သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း အကျိုးငှါ၊ ဝိနည်းကို ချီးမြှောက်ခြင်းအကျိုးငှါ (ပညတ်တော်မူ၏)။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုး တို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား တိဏဝတ္ထာရကသမထကို ပညတ်တော်မူ၏ဟု (မိန့်တော်မူ၏)။ (၁၁—၃ဝဝ)

ဝိနယပေယျာလ ပြီး၏။