အင်္ဂုတ္တရနိကာယ်
၁ဝ-အာနိသံသဝဂ်
၃-အနိစ္စသုတ်
၉၈။ ရဟန်းတို့ တစ်စုံတစ်ခုသော သင်္ခါရကို မြဲသောအားဖြင့် ရှုသော ထိုရဟန်းသည် စင်စစ် အားဖြင့်အနုလောမိကခနိ ္တ ‘လောကုတ္တရာတရားအားလျော်သော ပညာ’ နှင့် ပြည့်စုံလိမ့်မည်ဟူသောအကြောင်းသည် မရှိနိုင်၊ အနုလောမိကခနိ ္တနှင့် မပြည့်စုံသည်ရှိသော် မဖောက်ပြန်သော သဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်လိမ့်မည်ဟူသော အကြောင်းသည် မရှိနိုင်၊ မဖောက်ပြန်သောသဘောဟု ဆိုအပ်သော နိယာမ (မဂ်) သို့ မသက်ဝင်သည်ရှိသော် သောတာပတ္ထိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်းမျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော အကြောင်းသည် မရှိနိုင်။
ရဟန်းတို့ အလုံးစုံသော သင်္ခါရတို့ကို မမြဲသောအားဖြင့် ရှုသော ထိုရဟန်းသည် စင်စစ်အားဖြင့်အနုလောမိကခနိ ္တနှင့် ပြည့်စုံလိမ့်မည်ဟူသော အကြောင်းသည် ရှိနိုင်၏၊ အနုလောမိကခနိ ္တနှင့် ပြည့်စုံသည်ရှိသော် မဖောက်ပြန်သော သဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်လိမ့်မည်ဟူသော အကြောင်းသည် ရှိနိုင်၏၊ မဖောက်ပြန်သော သဘောဟု ဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်သည်ရှိသော်သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော အကြောင်းသည် ရှိနိုင်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။