အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ပရိသုဒ္ဓဝဂ်

၂-ဒုတိယသုတ်

၁၂၄။ ရဟန်းတို့ မဖြစ်ဖူးသေးကုန်သော ဤတရားဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ်ကုန်။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ မဖြစ်ဖူးသေးကုန်သော ဤတရားဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။