အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ပရိသုဒ္ဓဝဂ်

၃-တတိယသုတ်

၁၂၅။ ရဟန်းတို့ များသော အကျိုးရှိကုန်သော များသော အာနိသင်ရှိကုန်သော ဤတရား ဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ်ကုန်။ အဘယ် ဆယ်မျိုးတို့နည်းဟူမူ— မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ များသော အကျိုးရှိကုန်သော များသော အာနိသင်ရှိကုန်သော ဤတရားဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။