အင်္ဂုတ္တရနိကာယ်

(၁၆) ၁-ပုဂ္ဂလဝဂ်

၂-၁၂-ဘဇိတဗ္ဗာဒိသုတ်

၁၅၆—၁၆၆။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မဆည်းကပ်အပ်။ပ။ ဆည်းကပ်အပ်၏။ပ။ မချဉ်းကပ်အပ်၊ ချဉ်းကပ်အပ်၏။ပ။ မပူဇော်အပ်၊ ပူဇော်အပ်၏။ပ။ မချီးမွမ်း သင့်၊ ချီးမွမ်းသင့်၏။ ပ။ မရိုသေထိုက်၊ ရိုသေထိုက်၏။ပ။ မပျပ်ဝပ်ထိုက်၊ ပျပ်ဝပ်ထိုက်၏။ပ။ မနှစ်သိမ့်စေတတ်၊ နှစ်သိမ့်စေတတ်၏။ပ။ မစင်ကြယ်၊ စင်ကြယ်၏။ပ။ မြတ်နိုးသည်ဖြစ်၍ မခံစားအပ် မြတ်နိုးသည်ဖြစ်၍ ခံစားအပ်၏။ပ။ ပညာဖြင့် မတိုးပွါး၊ ပညာဖြင့် တိုးပွါး၏။ပ။ များစွာသော မကောင်းမှုသည် တိုးပွါး၏၊ များစွာသော ကောင်းမှုသည် တိုးပွါး၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— မှန်ကန်သော အမြင်ရှိသူ၊ မှန်ကန်သော အကြံအစည် ရှိသူ၊ မှန်ကန်သော စကားရှိသူ၊ မှန်ကန်သော အလုပ်ရှိသူ၊ မှန်ကန်သော အသက်မွေးမှုရှိသူ၊ မှန်ကန်သော လုံ့လရှိသူ၊ မှန်ကန်သော သတိရှိသူ၊ မှန်ကန်သော သမာဓိရှိသူ၊ မှန်ကန်သော ဉာဏ်ရှိသူ၊ မှန်ကန်သော လွတ်မြောက်မှု ရှိသူတို့တည်း။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် များစွာသော ကောင်းမှုကို တိုးပွါးစေ၏ဟု (မိန့်တော်မူ၏)။

ပကဂ္ခလဝဂ် ပြီး၏။