အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အာဘာဝဂ်

၅-ပဇ္ဇောတသုတ်

၁၄၅။ ရဟန်းတို့ ရောင်လျှံတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— လရောင်လျှံ၊ နေရောင်လျှံ၊ မီးရောင်လျှံ၊ ပညာရောင်လျှံတို့တည်း။ ရဟန်းတို့ ရောင်လျှံတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤရောင်လျှံလေးမျိုးတို့တွင် ပညာရောင်လျှံသည် အမြတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။