အင်္ဂုတ္တရနိကာယ်
(၁၅) ၅-အာဘာဝဂ်
၄-သြဘာသသုတ်
၁၄၄။ ရဟန်းတို့ အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— လအလင်းရောင်၊ နေအလင်းရောင်၊ မီးအလင်းရောင်၊ ပညာအလင်းရောင်တို့တည်း။ ရဟန်းတို့ အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအလင်းရောင်လေးမျိုးတို့တွင် ပညာ အလင်းရောင်သည် အမြတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။