အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ရာဇဝဂ်

၇-အပ္ပံသုပတိသုတ်

၁၃၇။ ရဟန်းတို့ ဤ သူငါးမျိုးတို့သည် ညဉ့်၌ အနည်းငယ်အိပ်ကုန်၏၊ များစွာ နိုးကြားကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ မိန်းမသည် ယောကျာ်း၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏၊ များစွာနိုးကြား၏။

ရဟန်းတို့ ယောကျာ်းသည် မိန်းမ၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏၊ များစွာနိုးကြား၏။

ရဟန်းတို့ ခိုးသူသည် ခိုးယူခြင်း၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏၊ များစွာနိုးကြား၏။

ရဟန်းတို့ မင်းသည် မင်းရေးကိစ္စတို့၌ အားထုတ်ရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏၊ များစွာနိုးကြား၏။

ရဟန်းတို့ ရဟန်းသည် (ကိလေသာတို့နှင့်) မစပ်ယှဉ်ရာ (နိဗ္ဗာန်)၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏၊ များစွာ နိုးကြား၏။

ရဟန်းတို့ ဤ သူငါးမျိုးတို့သည် ညဉ့်၌ အနည်းငယ်သာ အိပ်ကုန်၏၊ များစွာ နိုးကြားကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။