အင်္ဂုတ္တရနိကာယ်
(၉) ၄-သတိဝဂ်
၁ဝ-သမ္မာဝတ္တနသုတ်
၉ဝ။ ရဟန်းတို့ ထိုအထူးယုတ်မာမှုရှိသော ရဟန်းအား ပြုအပ်သော တဿပါပိယသိကကံ ပြုခံရသော ရဟန်းသည် တရားရှစ်မျိုးတို့၌ ကောင်းစွာကျင့်ရမည်။ ပဉ္စင်းခံ မပေးအပ်၊ နိဿရည်း မပေးအပ်၊ သာမဏေကို မလုပ်ကျွေးစေအပ်၊ ရဟန်းမိန်းမများအား ဆုံးမသူဟု သမုတ်ခြင်း ‘ဘိက္ခုနော ဝါဒကသမ္မုတိ’ ကို မသာယာအပ်၊ သမ္မုတိရသော်လည်း ရဟန်းမိန်းမတို့ကို မဆုံးမအပ်၊ တစ်စုံတစ်ခုသော သံဃာ့သမ္မုတိကို မသာယာအပ်၊ တစ်စုံတစ်ခုသော သီးခြားဌာန (အကြီးအကဲအရာ) ၌ မထားအပ်၊ ထိုကံရှင် ရဟန်း အရင်းပြုသဖြင့် (အာပတ်မှ) မထစေအပ်။ ရဟန်းတို့ တဿပါပိယသိကကံပြုခံရသော ရဟန်းသည် ဤတရားရှစ်မျိုးတို့၌ ကောင်းစွာ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက် သတိဝဂ် ပြီး၏။