သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၈—ဆဝိသုတ်
၁၇၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် အရေပါးကို ဖြတ်၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်၏၊ အကြောကို ဖြတ် ပြီး၍ အရိုးကို ဖြတ်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို ထိလျက် တည်၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
အဋ္ဌမသုတ်။