သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၇—တတိယ သမဏဗြာဟ္မဏသုတ်
၁၇၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မည်သည့် သမဏဗြာဟ္မဏတို့မဆို လာဘ်ပူဇော်သကာ အကျော် အစောကိုဟုတ်တိုင်းမှန်စွာ မသိကုန်၊ လာဘ်ပူဇော်သကာ အကျော်အစော၏ အကြောင်းကို မသိကုန်၊ လာဘ်ပူဇော်သကာ အကျော်အစော၏ ချုပ်ရာကို မသိကုန်၊ လာဘ်ပူဇော်သကာ အကျော်အစော၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ပ။ သိကုန်၏။ပ။ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်လျက် နေရကုန်၏ဟု (ဟောတော်မူ၏)။
သတ္တမသုတ်။