သံယုတ္တနိကာယ်—၂၇

၂—ရူပသုတ်

၃၂၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်းတို့၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ် ညူးမှုမည်၏။ အသံတို့၌ ။ အနံ့တို့၌ ။ အရသာတို့၌ ။ အတွေ့တို့၌ ။ သဘောတရားတို့၌ လိုချင်တပ်မက်မှု’ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ဤခြောက်ဌာနတို့၌ စိတ်ညစ်ညူးမှုကို ပယ်အပ်ပြီး ဖြစ်၏၊ ထိုအခါ ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်းသို့ ညွတ်၏၊ ထွက်မြောက်ခြင်း၌ အထုံရပြီးသော စိတ်သည် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။