သံယုတ္တနိကာယ်—၂၇
၃—ဝိညာဏသုတ်
၃၂၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ စက္ခုဝိညာဏ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။ သောတဝိညာဏ်၌ ။ ဃာနဝိညာဏ်၌ ။ ဇိဝှါဝိညာဏ်၌ ။ ကာယဝိညာဏ်၌ ။ မနောဝိညာဏ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။
ရဟန်းတို့ အကြင်အခါ ရဟန်းသည် ဤခြောက်ဌာနတို့၌ စိတ်ညစ်ညူးမှုကို ပယ်အပ်ပြီး ဖြစ်၏၊ ထိုအခါ ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်းသို့ ညွတ်၏၊ ထွက်မြောက်ခြင်း၌ အထုံရပြီးသော စိတ်သည် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။
တတိယသုတ်။