သံယုတ္တနိကာယ်—၂၇

၄—သမ္ဖဿသုတ်

၃၂၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မျက်စိအတွေ့၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။ နားအတွေ့၌ ။ နှာခေါင်းအတွေ့၌ ။ လျှာအတွေ့၌ ။ကိုယ်အတွေ့၌ ။ စိတ်အတွေ့၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည်။ပ။ ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။