သံယုတ္တနိကာယ်—၃၅

(၁၈) ၃—သမုဒ္ဒဝဂ်

၄—ခီရရုက္ခောပမသုတ်

၂၃၁။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ ရှိနေ၏၊ အမျက်ထွက်မှု ‘ဒေါသ’ ရှိနေ၏၊ တွေဝေမှု ‘မောဟ’ ရှိနေ၏၊ စွဲမက်မှု ‘ရာဂ’ကို မပယ်အပ်သေး၊ အမျက်ထွက်မှု’ဒေါသ’ ကို မပယ်အပ်သေး၊ တွေဝေမှု ‘မောဟ’ ကို မပယ်အပ်သေး။ ထိုသူ၏ မျက်စိအား စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အနည်းငယ်မျှ ဖြစ်သော အဆင်းအာရုံတို့ပင် ထိခိုက်လာစေကုန်မူ ထိုသူ၏စိတ်ကို ဆွဲဆောင်နိုင်ကုန်သည်သာလျှင်တည်း၊ များပြားသော အဆင်းတို့၏ ထိခိုက်လာခြင်း၌ ကားအဘယ်ဆိုဖွယ် ရာ ရှိမည်နည်း။ ထိုဆွဲဆောင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသူအားစွဲမက်မှု ‘ရာဂ’ ရှိနေ၏၊ အမျက်ထွက်မှု’ဒေါသ’ ရှိနေ၏၊ တွေဝေမှု ‘မောဟ’ ရှိနေ၏၊ ထိုသူသည့်စွဲမက်မှု ‘ရာဂ’ကို မပယ် အပ်သေး၊ အမျက်ထွက်မှု ‘ဒေါသ’ကို မပယ်အပ်သေး၊ တွေဝေမှု ‘မောဟ’ကိုမပယ်အပ်သေးသောကြောင့် ပင်တည်း။ပ။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့၌ စွဲမက်မှု ‘ရာဂ’ ရှိနေ၏။ပ။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ ရှိနေ၏၊ အမျက်ထွက်မှု’ဒေါသ’ ရှိနေ၏၊ တွေဝေမှု ‘မောဟ’ ရှိနေ၏၊ စွဲမက်မှု’ရာဂ’ကို မပယ်အပ်သေး၊ အမျက်ထွက်မှု’ဒေါသ’ကိုမပယ်အပ်သေး၊ တွေဝေမှု ‘မောဟ’ကို မပယ်အပ်သေး။ ထိုသူ၏ စိတ်အား မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော အနည်းငယ်မျှသော သဘောတရားတို့ပင် ထိခိုက်လာစေကုန်မူ ထိုသူ၏ စိတ်ကို ဆွဲဆောင်နိုင်ကုန်သည်သာလျှင်တည်း၊ များပြားသော သဘောတရားတို့၏ ထိခိုက်လာခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ထိုဆွဲဆောင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသူအား စွဲမက်မှု ‘ရာဂ’ ရှိနေ၏၊ အမျက်ထွက်မှု’ဒေါသ’ ရှိနေ၏၊ တွေဝေမှု ‘မောဟ’ ရှိနေ၏၊ စွဲမက်မှု ‘ရာဂ’ကို မပယ်အပ်သေး၊ အမျက်ထွက်မှု ‘ဒေါသ’ ကို မပယ်အပ်သေး၊ တွေဝေမှု ‘မောဟ’ ကို မပယ်အပ်သေးသောကြောင့်ပင်တည်း။

ရဟန်းတို့ ဥပမာသော်ကား ပျိုမြစ်နုနယ် ငယ်ရွယ်သော ညောင်ဗုဒ္ဓဟေပင်ဖြစ်စေ၊ ပညောင်ပင်ဖြစ် စေ၊ ညောင်ကြပ်ပင်ဖြစ်စေ၊ ရေသဖန်းပင်ဖြစ်စေ အစေးထွက်သော သစ်ပင်သည် ရှိရာ၏။ ထိုသစ်ပင်ကိုယောကျာ်းသည် ထက်လှစွာသော ဓားဖြင့် ခုတ်ထစ်ရာ၏၊ ခုတ်လေရာရာ အရပ်မှ အစေး ယိုထွက်ရာသလော။ ယိုထွက်ရာပါ၏ အသျှင်ဘုရား။ ထိုယိုထွက်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အစေးရှိသောကြောင့်ပင်တည်း။

ရဟန်းတို့ ဤအတူ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ ရှိနေ၏၊ အမျက်ထွက်မှု ‘ဒေါသ’ ရှိနေ၏၊ တွေဝေမှု ‘မောဟ’ ရှိနေ၏၊ စွဲမက်မှု ‘ရာဂ’ကို မပယ်အပ်သေး၊ အမျက်ထွက်မှု’ဒေါသ’ကို မပယ်အပ်သေး၊ တွေဝေမှု ‘မောဟ’ကို မပယ်အပ်သေး။ ထိုသူ၏ မျက်စိအား စက္ခုဝိညာဏ်ဖြင့်မြင်အပ်ကုန်သော အနည်းငယ်မျှသော အဆင်းတို့ပင် ထိခိုက်လာစေကုန်မူ ထိုသူ၏ စိတ်ကို ဆွဲဆောင်နိုင်ကုန်သည်သာလျှင်တည်း၊ များပြားသော အဆင်းတို့၏ ထိခိုက်လာခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ထိုဆွဲဆောင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသူ့အား စွဲမက်မှု ‘ရာဂ’ ရှိနေ၏၊ အမျက်ထွက်မှု’ဒေါသ’ ရှိနေ၏၊ တွေဝေမှု ‘မောဟ’ ရှိနေ၏၊ စွဲမက်မှု ‘ရာဂ’ကို မပယ်အပ်သေး၊ အမျက်ထွက်မှု ‘ဒေါသ’ကို မပယ်အပ်သေး၊ တွေဝေမှု ‘မောဟ’ကို မပယ်အပ်သေးသောကြောင့်ပင်တည်း။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အရသာတို့၌ စွဲမက်မှု ‘ရာဂ’ ရှိနေ၏။ပ။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ ရှိနေ၏၊ အမျက်ထွက်မှု’ဒေါသ’ ရှိနေ၏၊ တွေဝေမှု ‘မောဟ’ ရှိနေ၏၊ စွဲမက်မှု ‘ရာဂ’ကို မပယ်အပ်သေး၊ အမျက်ထွက်မှု ‘ဒေါသ’ ကိုမပယ်အပ်သေး၊ တွေဝေမှု ‘မောဟ’ကို မပယ်အပ်သေး။ ထိုသူ၏ စိတ်အား မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော အနည်းငယ်မျှသော သဘောတရားတို့ပင် ထိခိုက်လာစေကုန်မူ ထိုသူ၏ စိတ်ကို ဆွဲဆောင်နိုင်ကုန်သည်သာလျှင်တည်း၊ များပြားသော သဘောတရားတို့၏ ထိခိုက်လာခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ထိုဆွဲဆောင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသူအား စွဲမက်မှု ‘ရာဂ’ ရှိနေ၏၊ အမျက်ထွက်မှု’ဒေါသ’ ရှိနေ၏၊ တွေဝေမှု ‘မောဟ’ ရှိနေ၏၊ စွဲမက်မှု’ရာဂ’ကို မပယ်အပ်သေး၊ အမျက်ထွက် မှု ‘ဒေါသ’ကို မပယ်အပ်သေး၊ တွေဝေမှု ‘မောဟ’ ကို မပယ်အပ်သေးသောကြောင့်ပင်တည်း။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ စွဲမက်မှု’ရာဂ’ မရှိ၊ အမျက်ထွက်မှု’ဒေါသ’ မရှိ၊ တွေဝေမှု ‘မောဟ’ မရှိ၊ စွဲမက်မှု ‘ရာဂ’ကို ပယ်အပ်၏၊ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်အပ်၏၊ တွေဝေမှု’မောဟ’ ကို ပယ်အပ်၏။ ထိုသူ၏ မျက်စိအား ကောင်းမြတ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်းတို့ ထိခိုက်လာစေကုန်မူ ထိုသူ၏ စိတ်ကို မဆွဲဆောင်နိုင်ကုန်၊ ယုတ်ညံ့ကုန်သော အဆင်းတို့၏ထိခိုက်လာခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ထိုမဆွဲဆောင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသူအား စွဲမက်မှု ‘ရာဂ’ မရှိ၊ အမျက်ထွက်မှု’ဒေါသ’ မရှိ၊ တွေဝေမှု’မောဟ’ မရှိ၊ စွဲမက်မှု’ရာဂ’ကို ပယ်အပ်၏၊ အမျက်ထွက်မှု’ဒေါသ’ကို ပယ်အပ်၏၊ တွေဝေမှု ‘မောဟ’ကို ပယ်အပ်၏၊ ထို့ကြောင့် ပင်တည်း။ပ။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော အရသာတို့၌ ။ပ။

မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ စွဲမက်မှု’ရာဂ’ မရှိ၊ အမျက်ထွက်မှု’ဒေါသ’ မရှိ၊ တွေဝေမှု ‘မောဟ’ မရှိ၊ စွဲမက်မှု’ရာဂ’ကို ပယ်အပ်၏၊ အမျက်ထွက်မှု’ဒေါသ’ကို ပယ်အပ်၏၊ တွေဝေမှု’မောဟ’ကို ပယ်အပ်၏။ ထိုသူ၏ စိတ်အား ကောင်းမြတ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သောသဘောတရားတို့ ထိခိုက်လာစေကုန်မူ ထိုသူ၏ စိတ်ကို မဆွဲဆောင်နိုင်ကုန်၊ ယုတ်ညံ့ကုန်သော သဘောတရားတို့၏ ထိခိုက်လာခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ထိုမဆွဲဆောင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသူအား စွဲမက်မှု ‘ရာဂ’ မရှိ၊ အမျက်ထွက်မှု ‘ဒေါသ’ မရှိ၊ တွေဝေမှု ‘မောဟ’မရှိ၊ စွဲမက်မှု’ရာဂ’ကို ပယ်အပ်၏၊ အမျက်ထွက်မှု’ဒေါသ’ကို ပယ်အပ်၏၊ တွေဝေမှု ‘မောဟ’ကို ပယ်အပ်၏၊ ထို့ကြောင့်ပင်တည်း။

ရဟန်းတို့ ခြောက်သွေ့ ပုပ်ဆွေး၍ မိုးစွတ်ပြီးသော ညောင်ဗုဒ္ဓဟေပင်ဖြစ်စေ၊ ပညောင်ပင်ဖြစ်စေ၊ ညောင်ကြပ်ပင်ဖြစ်စေ၊ ရေသဖန်းပင်ဖြစ်စေ အစေးထွက်သော သစ်ပင်သည် ရှိရာ၏။ ထိုသစ်ပင်ကိုယောကျာ်းသည် ထက်လှစွာသော ဓားဖြင့် ခုတ်ထစ်ရာ၏၊ ခုတ်လေရာရာအရပ်မှ အစေးယိုထွက်ရာသလော။ မယိုထွက်ပါ အသျှင်ဘုရား။ ထိုမယိုထွက်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အစေး မရှိသောကြောင့်ပင်တည်း။

ရဟန်းတို့ ဤအတူ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ၊ အမျက်ထွက်မှု’ဒေါသ’ မရှိ၊ တွေဝေမှု ‘မောဟ’ မရှိ၊ စွဲမက်မှု ‘ရာဂ’ကို ပယ်အပ်၏၊ အမျက်ထွက်မှု’ဒေါသ’ကိုပယ်အပ်၏၊ တွေဝေမှု ‘မောဟ’ကို ပယ်အပ်၏။ ထိုသူ၏ မျက်စိအား ကောင်းမြတ်ကုန်သောစက္ခုဝိညာဏ်ဖြင့် မြင်အပ် ကုန်သော အဆင်းတို့ ထိခိုက်လာကုန်စေကာမူ ထိုသူ၏ စိတ်ကိုမဆွဲဆောင်နိုင်ကုန်၊ ယုတ်ညံ့ကုန်သော အဆင်းတို့၏ ထိခိုက်လာခြင်း၌ ကား အဘယ်ဆိုဖွယ်ရာရှိမည်နည်း။ ထိုမဆွဲဆောင်နိုင်ခြင်းသည် အဘယ့် ကြောင့်နည်း၊ ရဟန်းတို့ ထိုသူအား စွဲမက်မှု ‘ရာဂ’မရှိ၊ အမျက်ထွက်မှု ‘ဒေါသ’ မရှိ၊ တွေဝေမှု ‘မောဟ’ မရှိ၊ စွဲမက်မှု ‘ရာဂ’ကို ပယ်အပ်၏၊ အမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်အပ်၏၊ တွေဝေမှု ‘မောဟ’ ကို ပယ်အပ်၏၊ ထို့ကြောင့်ပင်တည်း။ပ။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့၌ ။ပ။

ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းယောကျာ်းအားလည်းကောင်း၊ ရဟန်းမိန်းမအားလည်းကောင်း မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့၌ စွဲမက်မှု ‘ရာဂ’ မရှိ၊ အမျက်ထွက်မှု’ဒေါသ’ မရှိ၊ တွေဝေမှု’မောဟ’ မရှိ၊ စွဲမက်မှု ‘ရာဂ’ကို ပယ်အပ်၏၊ အမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်အပ့်၏၊ တွေဝေမှု ‘မောဟ’ကို ပယ်အပ်၏။ ထိုသူ၏ စိတ်အား ကောင်းမြတ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့ ထိခိုက်လာကုန်စေကာမူ ထိုသူ၏ စိတ်ကို မဆွဲဆောင်နိုင်ကုန်၊ ယုတ်ညံ့ကုန်သော သဘောတရားတို့၏ ထိခိုက်လာခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ထိုမဆွဲဆောင်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသူအား စွဲမက်မှု ‘ရာဂ’ မရှိ၊ အမျက်ထွက်မှု ‘ဒေါသ’ မရှိ၊ တွေဝေမှု ‘မောဟ’ မရှိ၊ စွဲမက်မှု ‘ရာဂ’ကို ပယ်အပ်၏၊ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်အပ်၏၊ တွေဝေမှု’မောဟ’ကို ပယ်အပ်၏။ ထို့ကြောင့်ပင်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။