သံယုတ္တနိကာယ်—၄၄

၄—ဒုတိယ သာရိပုတ္တ ကောဋ္ဌိကသုတ်

၄၁၃။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ပ။ [ထိုအမေးမျိုးပင်တည်း။ ]

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။ ငါ့သျှင်ရုပ်ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား ရုပ်ဖြစ်ကြောင်းကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအားရုပ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏” ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှနောက် ၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်း (အယူ) ဖြစ်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရ တို့ကို။ ဝိညာဏ်ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား ဝိညာဏ်ဖြစ်ကြေင်းကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား ဝိညာဏ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအားဝိညာဏ်ချုပ်ရာသို့ ရောက် ကြောင်းအကျင့်ကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သူအား “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏” ဟူ၍လည်း (အယူ) ဖြစ်၏၊ “ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ် “ ဟူ၍လည်း (အယူ) ဖြစ်၏၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း (အယူ) ဖြစ်၏။

ငါ့သျှင် ရုပ်ကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ရုပ်ဖြစ်ကြောင်းကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ရုပ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း (အယူ) မဖြစ်။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်း (အယူ) ့မဖြစ်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ဝိညာဏ်ဖြစ်ကြောင်းကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ဝိညာဏ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုဟုတ်မှန်သည့်အတိုင်း သိမြင်သူအား “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း (အယူ) မဖြစ်၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း (အယူ) မဖြစ်၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်း (အယူ) မဖြစ်၊ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်း (အယူ) မဖြစ်။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။