သံယုတ္တနိကာယ်—၄၅

၆—ဗလကရဏီယဝဂ်

၁—ဗလသုတ်

၁၄၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီး ကိုမှီ၍ မြေကြီး၌ တည်၍ ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍့သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

[နောက်၌ ဆိုအပ်ပြီးသော ဂင်္ဂါပေယျာလဝဂ်ကို သုတ်အပြည့်အစုံ ဆိုအပ်သကဲ့သို့ ဤဝဂ်၌ ချဲ့သင့်သောစကားကို ချဲ့အပ်၏]။

ရဟန်းတို့ ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီးကို မှီ၍ မြေကြီး၌ တည် ၍ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင်အ ဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံး ရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကိုပယ်ဖျောက် ခြင်းလျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိ သောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီးကို မှီ၍ မြေကြီး၌ တည် ၍ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင်လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။

အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယာမဂ်ကို ကြိမ် ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီးကို မှီ၍ မြေကြီး၌ တည် ၍ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။