သံယုတ္တနိကာယ်—၄၅

၃—မိစ္ဆတ္တဝဂ်

၂—အကုသလဓမ္မသုတ်

၂၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား အကုသိုလ်တရားတို့ကိုလည်းကောင်း၊ ကုသိုလ်တရားတို့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အကုသိုလ်တရားတို့ဟူသည် အဘယ်နည်း၊ အကုသိုလ်တရားတို့ကား မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို အကုသိုလ်တရားတို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့ ကုသိုလ်တရားတို့ဟူသည် အဘယ်နည်း၊ ကုသိုလ်တရားတို့ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို ကုသိုလ်တရားတို့ဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။