သံယုတ္တနိကာယ်—၄၅
၃—မိစ္ဆတ္တဝဂ်
၃—ပဌမ ပဋိပဒါသုတ်
၂၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား မှားသောအကျင့်ကိုလည်းကောင်း၊ မှန်သောအကျင့်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ မှားသောအကျင့်ဟူသည်အဘယ်နည်း၊ မှားသောအကျင့်တို့ကား မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်ကို မှားသောအကျင့်ဟု ဆိုအပ်၏။
ရဟန်းတို့ မှန်သောအကျင့်ဟူသည် အဘယ်နည်း၊ မှန်သောအကျင့်တို့ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်ကို မှန်သောအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။