သံယုတ္တနိကာယ်—၄၆

၁—ပဗ္ဗတဝဂ်

၇—ကူဋာဂါရသုတ်

၁၈၈။ ရဟန်းတို့ အထွတ်တပ်သောအိမ်၌ အလုံးစုံသောအခြင်ရနယ်တို့သည် အထွတ်သို့ ညွတ်ကိုင်းရှိုင်းကုန်သကဲ့သို့ ထို့အတူပင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။