အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အာဘာဝဂ်

၁-အာဘာသုတ်

၁၄၁။ ရဟန်းတို့ အရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— လရောင်၊ နေရောင်၊ မီးရောင်၊ ပညာရောင်တို့တည်း။ ရဟန်းတို့ အရောင်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအရောင်လေးမျိုးတို့တွင် ပညာရောင်သည် အမြတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။