အင်္ဂုတ္တရနိကာယ်
(၁၅) ၅-အာဘာဝဂ်
၂-ပဘာသုတ်
၁၄၂။ ရဟန်းတို့ ရောင်ခြည်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— လရောင်ခြည်၊ နေရောင်ခြည်၊ မီးရောင်ခြည်၊ ပညာရောင်ခြည်တို့တည်း။ ရဟန်းတို့ ရောင်ခြည်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤရောင်ခြည်လေးမျိုးတို့တွင် ပညာရောင်ခြည်သည် အမြတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။