အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အာဘာဝဂ်

၃-အာလောကသုတ်

၁၄၃။ ရဟန်းတို့ အလင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— လအလင်း၊ နေအလင်း၊ မီးအလင်း၊ ပညာအလင်းတို့တည်း။ ရဟန်းတို့ အလင်းတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအလင်းလေးမျိုးတို့တွင် ပညာအလင်းသည် အမြတ်ဆုံးတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။