သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၆—ဒုတိယ သမဏဗြာဟ္မဏသုတ်
၁၇၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစော၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိကုန်သော သမဏဗြာဟ္မဏဟူသမျှတို့ကို။ပ။ သိကုန်သော သမဏဗြာဟ္မဏ ဟူသမျှတို့ကို။ပ။ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်လျက် နေရကုန်၏ဟု (ဟောတော်မူ၏)။
ဆဋ္ဌသုတ်။