သံယုတ္တနိကာယ်—၃၅

၃—သဗ္ဗဝဂ်

၄—ပဌမ အပရိဇာနနသုတ်

၂၆။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ အဆင်းတို့ကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါ့နိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ စက္ခုဝိညာဏ်ကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ စက္ခုသမ္ဖဿကိုအထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါမထိုက်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင်ဆင်းရဲကုန်ခြင်းငှါ မထိုက်။ပ။ လျှာကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ အရသာတို့ကို။ပ။ ဇိဝှါဝိညာဏ်ကို။ပ။ ဇိဝှါသမ္ဖဿကို။ပ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်းအထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါမထိုက်။ကိုယ်ကို။ပ။ စိတ်ကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင်မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။ သဘောတရားတို့ကို။ပ။ မနောဝိညာဏ်ကို။ပ။ မနောသမ္ဖဿကို။ပ။ မနောသမ္ဖဿဟူသော အ ကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင်ဆင်းရဲကုန်ခြင်းငှါ မထိုက်။

ရဟန်းတို့ အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်ဟူသည် ဤသည်ပင်တည်း။

ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ အဆင်းတို့ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုဝိညာဏ်ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုသမ္ဖဿကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း အထူး သိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ ထိုက်၏၊ အရသာတို့ကို။ပ။ ဇိဝှါဝိညာဏ်ကို။ပ။ ဇိဝှါသမ္ဖဿကို။ပ။ ဇိဝှါသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ကိုယ်ကို။ပ။ စိတ်ကို အထူးသိလျှင်ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင် လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏၊ သဘောတရားကို။ပ။ မနောဝိညာဏ်ကို။ပ။ မနောသမ္ဖဿကို။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။

ရဟန်းတို့ အလုံးစုံကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါထိုက်၏ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။