သံယုတ္တနိကာယ်—၃၅

(၁၅) ၅—နဝပုရာဏဝဂ်

၁ဝ—ဓမ္မကထိကပုစ္ဆသုတ်

၁၅၅။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား— အသျှင်ဘုရား “ဓမ္မကထိကပုဂ္ဂိုလ် ဓမ္မကထိကပုဂ္ဂိုလ်”ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် ဓမ္မကထိကပုဂ္ဂိုလ် ဖြစ်ပါသနည်းဟု ဤစကားကိုလျှောက်၏။

ရဟန်းသည် မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ တရားကို ဟောခဲ့မူ ဓမ္မကထိက ရဟန်းဟု ဆိုခြင်းငှါ ထိုက်၏။ ရဟန်းသည် မျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်သည် ဖြစ်ခဲ့မူ တရားတော်အား လျော်သော အကျင့်ကို ကျင့်သော ရဟန်းဟု ဆိုခြင်းငှါထိုက်၏။ ရဟန်းသည် မျက်စိကို ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့်မစွဲလမ်းမူ၍ (ကိလေသာမှ) လွတ်မြောက်သည် ဖြစ်ခဲ့မူ ယခုဘဝ၌ ပင် နိဗ္ဗာန်သို့ ရောက်သော ရဟန်းဟုဆိုခြင်းငှါ ထိုက်၏။ပ။

ရဟန်းသည် လျှာကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ တရားကို ဟောခဲ့မူ ဓမ္မ ကထိကရဟန်းဟု ဆိုခြင်းငှါ ထိုက်၏။ပ။ ရဟန်းသည် စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ် ခြင်းငှါတရားကို ဟောခဲ့မူ ဓမ္မကထိက ရဟန်းဟု ဆိုခြင်းငှါ ထိုက်၏။ ရဟန်းသည် စိတ်ကို ငြီးငွေ့ခြင်းငှါစွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်သည် ဖြစ်ခဲ့မူ တရားတော်အား လျော်သော အကျင့်ကို ကျင့်သောရဟန်းဟု ဆိုခြင်းငှါ ထိုက်၏။ ရဟန်းသည် စိတ်ကို ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာမှ) လွတ်မြောက်သည် ဖြစ်ခဲ့မူ ယခုဘဝ၌ ပင် နိဗ္ဗာန်သို့ရောက်သော ရဟန်းဟု ဆိုခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် နဝပုရာဏဝဂ် ပြီး၏။